Saturday, October 26, 2013

****သက်ဆိုင်သောသူထံသို့ ****

  မိုင်ပေါင်းများစွာက
လေတစ်ဝှေ့မှာ
ဝဲလွင့်သွားတဲ့ မင်းဆံနွယ်လေးတွေက
ငါ့ဘဝတစ်ခုလုံးကိုဆွဲရမ်းလှုပ်ခါ
ရင်ခုန်သံတွေ ယိုစိမ့်ကျတဲ့အထိ
မင်းရယ်သံလွှင်လွှင်ကလေးတွေက
ဒို့ ရဲ့နှလုံးသားကို Normal  ထက်ပိုအောင်
ရင်ခုန်စေခဲ့တယ်
ကျောင်းသွားကျောင်းပြန်
ငါ့ရင်အုံ နံရံကို
ခေါင်းလောင်းထိုးထိုးသွားတတ်တဲ့
GTC ယူနီဖောင်းဝမ်းဆက်မလေးရယ်
ကျောငါ်းဝင်းထဲလှမ်းဝင်တော့ မယ်
မင်းခြေလှမ်းလေး နောက်
ငါ့နှလုံးသားလေး ကပ်ငြိသွားလေရဲ့
                                      လမင်းလေး(EP)

ပျော်ရွှင်တဲ့နေ့ လေးတစ်နေ့ ကိုပိုင်ဆိုင်ကြပါစေ။
ပြည့်ဇော်ဖြိုး(ပြန်လည်မျှဝေခြင်း) နှင့် လမင်းလေး(ကဗျာများစုစည်းမှူ) တို့ တွင်လည်းဝင်ရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ပါတယ်။
သူငယ်ချင်းများကိုခင်တဲ့ ဖြိုးလေး
www.pyaezawphyo.blogspot.com
================================

No comments:

Post a Comment