Monday, November 4, 2013

မိုး


မိုး
အေးချမ်းသွားမယ်ထင်လို့ 
နင်ရွာတဲ့ကမ္ဘာမြေအောက်
ငါ လမ်းလျှောက်ထွက်ခဲ့တာ
တကယ်ပါ
လျှပ်စီး တဖျတ်ဖျတ်လတ်တာကိုတောင်
ကြင်နားခြင်း အရောင်ထင်ခဲ့မိလို့ 
ပျော်ခဲ့ရတာအကြိမ်ကြိမ်
နောက်ဆုံး
မိုးကြိုးပါပစ်ချလိုက်မှ
အချစ်မဟုတ်မှန်း သိခဲ့ရတဲ့ငါ
ခုတော့
မိုးရွာတိုင်း
အပြင်ထွက်ရမှာ ကြောက်နေပြီ………

cherry sky


ပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်ကြပါစေ။
ပြည့်ဇော်ဖြိုး(ပြန်လည်မျှဝေခြင်း) နှင့် လမင်းလေး(ကဗျာများစုစည်းမှူ) တို့ တွင်လည်းဝင်ရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ပါတယ်။
သူငယ်ချင်းများကိုခင်တဲ့ ဖြိုးလေး
www.pyaezawphyo.blogspot.com
==========================

No comments:

Post a Comment