ဥယျာဉ်မှူး
အရောင်အသွေးစုံလှတဲ့ ပန်းခင်းကြီးမှာ
စံပယ် နှင်းဆီ ဇီဇဝါ စုံလို့ ပေါ့....။
တစ်ချို့ ပန်းတွေမှာ
ဥယျာဉ်မှူး ကိုယ်စီ ကိုယ်စီနဲ့
ကြွားဝါနေကြတယ်...။
ပန်းခင်းကြီးရဲ့ နောက်ဆုံး
ထောင့်တစ်နေရာမှာတော့
အဖြူရောင်ဂန္ဓမာပန်းလေး
ဥယျာဉ်မှူးကင်းစွာသီးခြားအလှတရားနဲ့
ဖူးပွင့်နေတယ်....။
ဘယ်ဥယျာဉ်မှူးမှ
သတိမထားလိုက်တဲ့ အချိန်မှာ
ပထမဆုံး
လျှောက်လွှာတင်တဲ့ ဥယျာဉ်မှူးကတော့။....။
ရာကျော်
Ref:ThandweGTCမှသူငယ်ချင်းများ
တစ်စုအမှတ်တရ ကဗျာစာအုပ်...
သူငယ်ချင်းများအနေနဲ့မိမိ ကဗျာလေးများကိုရေးသားတင်ပြလိုပါက နာမည်အပြည့်အစုံဖြင့်ပြန်လည်ဖော်ပြပေးပါမယ်။
phyolay.ep.3@gmail.com သို့ ပေးပို့ နိုင်ပါတယ်။ကဗျာဝါသနာရှင်များကိုဖိတ်ခေါ်ပါတယ်။
ပျော်ရွှင်တဲ့နေ့ လေးတစ်နေ့ ကိုပိုင်ဆိုင်ကြပါစေ။
ပြည့်ဇော်ဖြိုး(ပြန်လည်မျှဝေခြင်း) နှင့် လမင်းလေး(ကဗျာများစုစည်းမှူ) တို့ တွင်လည်းဝင်ရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ပါတယ်။
သူငယ်ချင်းများကိုခင်တဲ့ ဖြိုးလေး
www.pyaezawphyo.blogspot.com
=============================

No comments:
Post a Comment