ထွက်ပေါက်
ဆာလောင်နေတဲ့ ငါ့ရဲ့အစာအိမ်
တုန်ရီနေတဲ့ ငါ့ရဲ့လက်ချောင်းတွေ
တွေဝေနေတဲ့ငါ့ရဲ့စိတ်ကူး
အလိုမကျဖြစ်နေတဲ့ ငါ့ရဲ့အာရုံ
ပြီးတော့………………
၂၀၁၄ -၂၃ရက် ဖေဖဝါရီ
နံနက် ၇:၀၀ /ပြည်မြို့
ဘုရားသွားဖို့ ရေချိုး အဝတ်အစားလဲပြီး
ကော်ဖီခွက်လေးကိုင်ကာ
တိုက်ခန်းအပြင်ကိုထွက်လာခဲ့တယ်…………
ထိုင်နေကျ ခုံလေပေါ်မှာထိုင်တယ်`°•`°•
မြင်နေကျ ရွှေဆံတော်ဘုရားကြီးရယ်……
ကောင်းကင်ပြာပြာကြီးရယ်………
ဘူးတာကမီးရထားသံတွေ……
ခပ်လှမ်းလှမ်းက ကြားနေရတဲ့
ငှက်မြည်သံတွေရယ်…………
အကုန်လုံးက ငါ့ကိုသတိပေးနေတယ်…………
``မင်းဆေးလိပ် မသောက်နဲ့
ပေးထားတဲ့ကတိအတိုင်း စာကြိုးစားပါ
ကျောင်းမှန်မှန်တတ်ပါ
ကော်ဖီတွေ သိပ်မသောက်ပါနဲ့
လူသားတိုင်းကို စေတနာထားပြီးခွင့်လွတ်တတ်တဲ့စိတ်မွေးပါ
အချိန်တိုင်းမှာသတိနဲ့နေပါ
ချစ်သူအပေါ်သစ္စာရှိပါ
နားလည်မှူပေးပါ
သူ့ကိုတန်ဖိုးထားပါ
အချိန်ကိုလေးစားပါ´´
……ဖြိုးလေး *ငါ့တို့မှာချင်တာ အခုလောလောဆယ်
ဒီလောက်ပါဘဲကွာ………………
``ဘာ ငါ့ကိုမှာချင်တာလဲ´´………
အပေါ်ကစာတွေက
ငါဟာငါ ကော်ဖီသောက်ရင်း ရေးထားတာ………:)
ဖေဖဝါရီ/ ၂၃ရက် #Phyo
ပြည့်ဇော်ဖြိုး BE EP