Friday, June 6, 2014

          ထွက်ပေါက်
ဆာလောင်နေတဲ့ ငါ့ရဲ့အစာအိမ်
တုန်ရီနေတဲ့ ငါ့ရဲ့လက်ချောင်းတွေ
တွေဝေနေတဲ့ငါ့ရဲ့စိတ်ကူး
အလိုမကျဖြစ်နေတဲ့ ငါ့ရဲ့အာရုံ
ပြီးတော့………………
၂၀၁၄ -၂၃ရက် ဖေဖဝါရီ
နံနက် ၇:၀၀ /ပြည်မြို့
ဘုရားသွားဖို့ ရေချိုး အဝတ်အစားလဲပြီး
ကော်ဖီခွက်လေးကိုင်ကာ
တိုက်ခန်းအပြင်ကိုထွက်လာခဲ့တယ်…………
ထိုင်နေကျ ခုံလေပေါ်မှာထိုင်တယ်`°•`°•
မြင်နေကျ ရွှေဆံတော်ဘုရားကြီးရယ်……
ကောင်းကင်ပြာပြာကြီးရယ်………
ဘူးတာကမီးရထားသံတွေ……
ခပ်လှမ်းလှမ်းက ကြားနေရတဲ့
ငှက်မြည်သံတွေရယ်…………
အကုန်လုံးက ငါ့ကိုသတိပေးနေတယ်…………

``မင်းဆေးလိပ် မသောက်နဲ့
ပေးထားတဲ့ကတိအတိုင်း စာကြိုးစားပါ
ကျောင်းမှန်မှန်တတ်ပါ
ကော်ဖီတွေ သိပ်မသောက်ပါနဲ့
လူသားတိုင်းကို စေတနာထားပြီးခွင့်လွတ်တတ်တဲ့စိတ်မွေးပါ
အချိန်တိုင်းမှာသတိနဲ့နေပါ
ချစ်သူအပေါ်သစ္စာရှိပါ
နားလည်မှူပေးပါ
သူ့ကိုတန်ဖိုးထားပါ
အချိန်ကိုလေးစားပါ´´
……ဖြိုးလေး *ငါ့တို့မှာချင်တာ အခုလောလောဆယ်
ဒီလောက်ပါဘဲကွာ………………
``ဘာ ငါ့ကိုမှာချင်တာလဲ´´………
အပေါ်ကစာတွေက
 ငါဟာငါ ကော်ဖီသောက်ရင်း ရေးထားတာ………:)
                                                        ဖေဖဝါရီ/ ၂၃ရက် #Phyo


                                                        ပြည့်ဇော်ဖြိုး BE EP


Monday, November 4, 2013

မိုး


မိုး
အေးချမ်းသွားမယ်ထင်လို့ 
နင်ရွာတဲ့ကမ္ဘာမြေအောက်
ငါ လမ်းလျှောက်ထွက်ခဲ့တာ
တကယ်ပါ
လျှပ်စီး တဖျတ်ဖျတ်လတ်တာကိုတောင်
ကြင်နားခြင်း အရောင်ထင်ခဲ့မိလို့ 
ပျော်ခဲ့ရတာအကြိမ်ကြိမ်
နောက်ဆုံး
မိုးကြိုးပါပစ်ချလိုက်မှ
အချစ်မဟုတ်မှန်း သိခဲ့ရတဲ့ငါ
ခုတော့
မိုးရွာတိုင်း
အပြင်ထွက်ရမှာ ကြောက်နေပြီ………

cherry sky


ပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်ကြပါစေ။
ပြည့်ဇော်ဖြိုး(ပြန်လည်မျှဝေခြင်း) နှင့် လမင်းလေး(ကဗျာများစုစည်းမှူ) တို့ တွင်လည်းဝင်ရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ပါတယ်။
သူငယ်ချင်းများကိုခင်တဲ့ ဖြိုးလေး
www.pyaezawphyo.blogspot.com
==========================

Plan

Plan
ချစ်သူ
ချစ်နေကြတဲ့နေ့ တွေကို
တမ်းတရင်းအိပ်ယာဝင်ပါ ..…
တွဲခဲ့ကြတဲ့ လက်အစုံကို
မျော်မှန်းရင်းနဲ့ အိမ်မတ်မတ်ပါ……
ပြောခဲ့ကြတဲ့ချစ်စကားတွေကို
တွေးတောရင်းနဲ့ စီမံပါ……
ရနံ့သစ်ရဲ့ နံနက်ခင်းမှာ
ရွှင်လန်းရင်းနဲ့ နိုးထပါ………
လှိုင်း


ပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်ကြပါစေ။
ပြည့်ဇော်ဖြိုး(ပြန်လည်မျှဝေခြင်း) နှင့် လမင်းလေး(ကဗျာများစုစည်းမှူ) တို့ တွင်လည်းဝင်ရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ပါတယ်။
သူငယ်ချင်းများကိုခင်တဲ့ ဖြိုးလေး
www.pyaezawphyo.blogspot.com
==========================


==========================

**Plan**

Plan
ချစ်သူ
ချစ်နေကြတဲ့နေ့ တွေကို
တမ်းတရင်းအိပ်ယာဝင်ပါ ..…
တွဲခဲ့ကြတဲ့ လက်အစုံကို
မျော်မှန်းရင်းနဲ့ အိမ်မတ်မတ်ပါ……
ပြောခဲ့ကြတဲ့ချစ်စကားတွေကို
တွေးတောရင်းနဲ့ စီမံပါ……
ရနံ့သစ်ရဲ့ နံနက်ခင်းမှာ
ရွှင်လန်းရင်းနဲ့ နိုးထပါ………
လှိုင်း


ပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်ကြပါစေ။
[ပြည့်ဇော်ဖြိုး(ပြန်လည်မျှဝေခြင်း) www.pyaezawphyo.blogspot.com] နှင့် [လမင်းလေး(ကဗျာများစုစည်းမှူ) www.pyaezawphyo9.blogspot.com] တို့ တွင်လည်းဝင်ရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ပါတယ်။
သူငယ်ချင်းများကိုခင်တဲ့ ဖြိုးလေး
www.pyaezawphyo.blogspot.com
==========================

**မိုး**


မိုး
အေးချမ်းသွားမယ်ထင်လို့ 
နင်ရွာတဲ့ကမ္ဘာမြေအောက်
ငါ လမ်းလျှောက်ထွက်ခဲ့တာ
တကယ်ပါ
လျှပ်စီး တဖျတ်ဖျတ်လတ်တာကိုတောင်
ကြင်နားခြင်း အရောင်ထင်ခဲ့မိလို့ 
ပျော်ခဲ့ရတာအကြိမ်ကြိမ်
နောက်ဆုံး
မိုးကြိုးပါပစ်ချလိုက်မှ
အချစ်မဟုတ်မှန်း သိခဲ့ရတဲ့ငါ
ခုတော့
မိုးရွာတိုင်း
အပြင်ထွက်ရမှာ ကြောက်နေပြီ………

cherry sky

ပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်ကြပါစေ။
[ပြည့်ဇော်ဖြိုး(ပြန်လည်မျှဝေခြင်း) www.pyaezawphyo.blogspot.com] နှင့် [လမင်းလေး(ကဗျာများစုစည်းမှူ) www.pyaezawphyo9.blogspot.com] တို့ တွင်လည်းဝင်ရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ပါတယ်။
သူငယ်ချင်းများကိုခင်တဲ့ ဖြိုးလေး
www.pyaezawphyo.blogspot.com
==========================

Friday, November 1, 2013

All my friends


Saturday, October 26, 2013

*****တောင်းဆု*****


*တောင်းဆု*

ဖိစီးနှိတ်ဆက် ခံစားခက်တဲ့
အလွမ်းဝေဒနာပေးပြီးခါမှ
အဝေးတစ်မြေပြေးသွားရက်သူ
ကိုယ်လိုလူကိုလှည့်ပင်မကြည့်
သည်တွင်ထိအောင်စိမ်းသွားရက်သူ
မင်းလိုလူမျိုးနောင်မတွေ့စေရန်
တောင်းဆုပန်သည်
စိမ်းသူတွေနှင့်ဝေးစေသော်…………

လမင်းလေး

ချစ်သူ …………… မင်းဟာ ဒီကဗျာလေးကိုဖတ်မိတဲ့အချိန်မှာ
နင့်အပေါ်ချစ်ခဲ့တဲ့ အချစ်တွေကိုနင်နား
လည်လာပါစေလို့ ငါမျော်လင့်ပါတယ်………

ပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်ကြပါစေ။
ပြည့်ဇော်ဖြိုး(ပြန်လည်မျှဝေခြင်း) နှင့် လမင်းလေး(ကဗျာများစုစည်းမှူ) တို့ တွင်လည်းဝင်ရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ပါတယ်။
သူငယ်ချင်းများကိုခင်တဲ့ ဖြိုးလေး
www.pyaezawphyo.blogspot.com
==========================်