Saturday, October 26, 2013

*****တောင်းဆု*****


*တောင်းဆု*

ဖိစီးနှိတ်ဆက် ခံစားခက်တဲ့
အလွမ်းဝေဒနာပေးပြီးခါမှ
အဝေးတစ်မြေပြေးသွားရက်သူ
ကိုယ်လိုလူကိုလှည့်ပင်မကြည့်
သည်တွင်ထိအောင်စိမ်းသွားရက်သူ
မင်းလိုလူမျိုးနောင်မတွေ့စေရန်
တောင်းဆုပန်သည်
စိမ်းသူတွေနှင့်ဝေးစေသော်…………

လမင်းလေး

ချစ်သူ …………… မင်းဟာ ဒီကဗျာလေးကိုဖတ်မိတဲ့အချိန်မှာ
နင့်အပေါ်ချစ်ခဲ့တဲ့ အချစ်တွေကိုနင်နား
လည်လာပါစေလို့ ငါမျော်လင့်ပါတယ်………

ပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်ကြပါစေ။
ပြည့်ဇော်ဖြိုး(ပြန်လည်မျှဝေခြင်း) နှင့် လမင်းလေး(ကဗျာများစုစည်းမှူ) တို့ တွင်လည်းဝင်ရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ပါတယ်။
သူငယ်ချင်းများကိုခင်တဲ့ ဖြိုးလေး
www.pyaezawphyo.blogspot.com
==========================်

****သက်ဆိုင်သောသူထံသို့ ****

  မိုင်ပေါင်းများစွာက
လေတစ်ဝှေ့မှာ
ဝဲလွင့်သွားတဲ့ မင်းဆံနွယ်လေးတွေက
ငါ့ဘဝတစ်ခုလုံးကိုဆွဲရမ်းလှုပ်ခါ
ရင်ခုန်သံတွေ ယိုစိမ့်ကျတဲ့အထိ
မင်းရယ်သံလွှင်လွှင်ကလေးတွေက
ဒို့ ရဲ့နှလုံးသားကို Normal  ထက်ပိုအောင်
ရင်ခုန်စေခဲ့တယ်
ကျောင်းသွားကျောင်းပြန်
ငါ့ရင်အုံ နံရံကို
ခေါင်းလောင်းထိုးထိုးသွားတတ်တဲ့
GTC ယူနီဖောင်းဝမ်းဆက်မလေးရယ်
ကျောငါ်းဝင်းထဲလှမ်းဝင်တော့ မယ်
မင်းခြေလှမ်းလေး နောက်
ငါ့နှလုံးသားလေး ကပ်ငြိသွားလေရဲ့
                                      လမင်းလေး(EP)

ပျော်ရွှင်တဲ့နေ့ လေးတစ်နေ့ ကိုပိုင်ဆိုင်ကြပါစေ။
ပြည့်ဇော်ဖြိုး(ပြန်လည်မျှဝေခြင်း) နှင့် လမင်းလေး(ကဗျာများစုစည်းမှူ) တို့ တွင်လည်းဝင်ရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ပါတယ်။
သူငယ်ချင်းများကိုခင်တဲ့ ဖြိုးလေး
www.pyaezawphyo.blogspot.com
================================

*****ကဗျာ*****

^ ကဗျာ
ကဗျာ.....သူ့မျက်နှာလေးကိုမြင်ရေးထွင်ခဲ့တယ်
ကဗျာ.....သူ့အသံလေးကိုကြားရေးသားခဲ့တယ်
ကဗျာ.....
သူနဲ့ပါတ်သက်ခဲ့သမျှကြည်နူး ရေးခဲ့ဖူးပြန်တယ်
ရာသီတွေနှောင်းလို့ ပြောင်းသွားခဲ့ပြီ အတာကူးကဗျာရူးအဖြစ်နဲ့ ငါဆိုတဲ့ကောင်းလေးတစ်ယောက်
ရက်စက်သူရဲ့ နာကျည်းစရာ အတာဆူးတွေအောက်
ရင်နာရူးသွပ်စွာနဲ့ စပ်ခဲ့တယ်
ကဗျာ.....ထပ်ကာ ထွက်လာပြန်ပေါ့။ ။

_အမည်မဖော်လိုသူ စိုးသီဟအောင်_

Ref: ThandweGTCမှသူငယ်ချင်း
များတစ်စုအမှတ်တရ ကဗျာစာအုပ်...

သူငယ်ချင်းများအနေနဲ့မိမိ ကဗျာလေးများကိုရေးသားတင်ပြလိုပါက နာမည်အပြည့်အစုံဖြင့် ပြန်လည်ဖော်ပြပေးပါမယ်။
phyolay.ep.3@gmail.com သို့ ပေးပို့ နိုင်ပါတယ်။ကဗျာဝါသနာရှင်များကိုဖိတ်ခေါ်ပါတယ်။

ပျော်ရွှင်တဲ့နေ့ လေးတစ်နေ့ကိုပိုင်ဆိုင်ကြပါစေ။
ပြည့်ဇော်ဖြိုး(ပြန်လည်မျှဝေခြင်း) နှင့် လမင်းလေး(ကဗျာများစုစည်းမှူ) တို့ တွင်လည်းဝင်ရောက်လည်ပတ်ဖို့ဖိတ်ခေါ်ပါတယ်။
သူငယ်ချင်းများကိုခင်တဲ့ ဖြိုးလေး
www.pyaezawphyo.blogspot.com
=============================
မိဘကျေးဇူး သိတတ်ပါစေ

နဖူးကချွေး ခြေမကျအောင်
ငွေရှာရတဲ့ အဖေနဲ့အမေ
တစ်လတစ်ခါ ပို့သောငွေနှင့်
လောက်ငှအောင် သုံးပါလေစွ
ဆုတောင်းရသောအဖေနဲ့အမေ
အမေတို့ လက်တွေပေါက်ပြဲပါစေ
ပူမနေနဲ့သားတို့ ရေ
ငါ့သားမျက်နှာ မညှိုးရလေအောင်
ရှိသမျှပေါင်နှံကာပေးမလေ
ငါ့သားမှာကား Game မှာဆရာ
စာမှာငတုန်းတစ်ရက် (A)ကိုးလုံး
တစ်လတစ်ခါ ပိုသောငွေနှင့်
Game ဖိုးရှင်းကာ
ပီကယ်စားရတဲ့ ဘဝပါ
လက်ဖက်ရည်ဖိုး ဘေလ်ဖွင့်ထားတာ
နှစ်သောင်းရှိပီဗျာ
ဒီလိုနဲ့ပဲ့ရက်တွေလတွေ
ကုန်ဆုံးသွားတော့
အဖေ အမေ တို့ ရဲ့မျှော်လင့်ချက်လည်း
မေ့ ခဲ့ရပြီပေါ့ ။ ။
အိုးသူကြီး(ဘူးသီး)ိ

Ref: ThandweGTCမှသူငယ်ချင်းများ
တစ်စုအမှတ်တရ ကဗျာစာအုပ်...

သူငယ်ချင်းများအနေနဲ့မိမိ ကဗျာလေးများကိုရေးသားတင်ပြလိုပါက နာမည်အပြည့်အစုံဖြင့်ပြန်လည်ဖော်ပြပေးပါမယ်။
phyolay.ep.3@gmail.com သို့ ပေးပို့ နိုင်ပါတယ်။ကဗျာဝါသနာရှင်များကိုဖိတ်ခေါ်ပါတယ်ခင်ဗျာ...

ပျော်ရွှင်တဲ့နေ့ လေးတစ်နေ့ ကိုပိုင်ဆိုင်ကြပါစေ။
ပြည့်ဇော်ဖြိုး(ပြန်လည်မျှဝေခြင်း) နှင့် လမင်းလေး(ကဗျာများစုစည်းမှူ) တို့ တွင်လည်းဝင်ရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ပါတယ်။
သူငယ်ချင်းများကိုခင်တဲ့ ဖြိုးလေး
www.pyaezawphyo.blogspot.com
=============================

***** ဥယျာဉ်မှူး *****

ဥယျာဉ်မှူး

အရောင်အသွေးစုံလှတဲ့ ပန်းခင်းကြီးမှာ
စံပယ် နှင်းဆီ ဇီဇဝါ စုံလို့ ပေါ့....။
တစ်ချို့ ပန်းတွေမှာ
ဥယျာဉ်မှူး ကိုယ်စီ ကိုယ်စီနဲ့
ကြွားဝါနေကြတယ်...။
ပန်းခင်းကြီးရဲ့ နောက်ဆုံး
ထောင့်တစ်နေရာမှာတော့
အဖြူရောင်ဂန္ဓမာပန်းလေး
ဥယျာဉ်မှူးကင်းစွာသီးခြားအလှတရားနဲ့
ဖူးပွင့်နေတယ်....။
ဘယ်ဥယျာဉ်မှူးမှ
သတိမထားလိုက်တဲ့ အချိန်မှာ
ပထမဆုံး
လျှောက်လွှာတင်တဲ့ ဥယျာဉ်မှူးကတော့။....။

ရာကျော်

Ref:ThandweGTCမှသူငယ်ချင်းများ
တစ်စုအမှတ်တရ ကဗျာစာအုပ်...

သူငယ်ချင်းများအနေနဲ့မိမိ ကဗျာလေးများကိုရေးသားတင်ပြလိုပါက နာမည်အပြည့်အစုံဖြင့်ပြန်လည်ဖော်ပြပေးပါမယ်။
phyolay.ep.3@gmail.com သို့ ပေးပို့ နိုင်ပါတယ်။ကဗျာဝါသနာရှင်များကိုဖိတ်ခေါ်ပါတယ်။
ပျော်ရွှင်တဲ့နေ့ လေးတစ်နေ့ ကိုပိုင်ဆိုင်ကြပါစေ။
ပြည့်ဇော်ဖြိုး(ပြန်လည်မျှဝေခြင်း) နှင့် လမင်းလေး(ကဗျာများစုစည်းမှူ) တို့ တွင်လည်းဝင်ရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ပါတယ်။
သူငယ်ချင်းများကိုခင်တဲ့ ဖြိုးလေး
www.pyaezawphyo.blogspot.com
=============================

Monday, October 21, 2013

****----ကဗျာ----****

^ ကဗျာ
ကဗျာ.....သူ့ မျက်နှာလေးကိုမြင်ရေးထွင်ခဲ့တယ်
ကဗျာ.....သူ့ အသံလေးကိုကြားရေးသားခဲ့တယ်
ကဗျာ.....သူနဲ့ပါတ်သက်ခဲ့သမျှကြည်နူး ရေးခဲ့ဖူးပြန်တယ်
ရာသီတွေနှောင်းလို့ ပြောင်းသွားခဲ့ပြီ အတာကူးကဗျာရူးအဖြစ်နဲ့ ငါဆိုတဲ့ကောင်းလေးတစ်ယောက်
ရက်စက်သူရဲ့ နာကျည်းစရာ အတာဆူးတွေအောက်
ရင်နာရူးသွပ်စွာနဲ့ စပ်ခဲ့တယ်
ကဗျာ.....ထပ်ကာ ထွက်လာပြန်ပေါ့။ ။

_အမည်မဖော်လိုသူ စိုးသီဟအောင်_

Ref: Thandwe GTCမှသူငယ်ချင်းများတစ်စုအမှတ်တရ ကဗျာစာအုပ်...

သူငယ်ချင်းများအနေနဲ့မိမိ ကဗျာလေးများကိုရေးသားတင်ပြလိုပါက နာမည်အပြည့်အစုံဖြင့် ပြန်လည်ဖော်ပြပေးပါမယ်။
phyolay.ep.3@gmail.com သို့ ပေးပို့ နိုင်ပါတယ်။ကဗျာဝါသနာရှင်များကိုဖိတ်ခေါ်ပါတယ်။


ပြည့်ဇော်ဖြိုး(ပြန်လည်မျှဝေခြင်း) နှင့် လမင်းလေး(ကဗျာများစုစည်းမှူ) တို့ တွင်လည်းဝင်ရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ပါတယ်။^